ဖြူး စက်တင်ဘာ၁၇.၂၀၁၂
ပဲခူးတိုင်း
ဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ ကညွတ်ကွင်း ကျေးရွာ၌ စက်တင်ဘာ
၁ဝရက် ညနေ ၃နာရီခွဲ က လင်မယားချင်း စကားများပြီး ဓားခုတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
ဖြူးမြို့နယ် မြင်ပင်အုပ်စု သမန်းခင်ရွာနေ ဆန်းဝင်း၃၇ နှစ်(ဘ)
ဦးချစ်ခင်(လယ်လုပ်)နှင့် သီတာဝင်း ၃၃နှစ် (ဘ)ဦးရွှေညို (လယ်လုပ်)တို့သည်
လင်မယားချင်း စကားများကြပြီး တစ်ဦးနှင့် တစ်ဦး မကျေမနပ် ဖြစ်၍ စကားများ
ရန်ဖြစ်ရာမှ ဒေါသမထိန်း နိုင်ဘဲ အနီးရှိ အသွား ၁၁လက်မ၊ အရိုး ရှစ်လက်မခန့်
ဓားမဖြင့် ဇနီးဖြစ်သူ သီတာဝင်း၏ လည်ပင်းနှင့်ကုပ်အား
ခုတ်ဖြတ်ရာ အခင်းဖြစ် နေရာတွင်ပင် သေဆုံးသွား ခဲ့ကြောင်း နှင့်
ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ ဆန်းဝင်းကို ဖြူးမြို့နယ် ကညွတ်ကွင်း
ရဲစခန်းမှ (ပ)၁၆၄/ ၂ဝ၁၂၊ ပြစ်မှု ပုဒ်မ ၃ဝ၂အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိ ကြောင်းသိရသည်။
0 comments:
Post a Comment