ရှေ့မှမောင်းနှင်သော ခြောက်ဘီးယာဉ်အား နောက်မှဆိုင်ကယ်ဝင်တိုက် ဆိုင်ကယ်နောက်မှထိုင်စီးသူ သေဆုံး

နေပြည်တော် စက်တင်ဘာ၁၂.၂၀၁၂

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဆွာလမ်းဆုံမီးပွိုင့်တွင် စက်တင်ဘာ၈ရက် ည၉နာရီ၁၅မိနစ်က မြို့မဈေးဘက် မှဝဏ္ဏ သိဒ္ဓိအဝိုင်းဘက်သို့ ကျော်ကျော်ဌေး ၂၃နှစ်(ဘ) ဦးထွန်းအောင်ကျော် သဇင်ဆောင်(၅) အခန်း(၅) ဘောဂသိဒ္ဓိရပ်ကွက် ဇမ္ဗူသီရိမြို့နယ် နေပြည်တော် နေထိုင်သူ မောင်းနှင်လာသည့် ၁၈ယ/ ----KINDIAN-110အနက်ရောင်နှင့် လားရာတူလမ်းအတိုင်း ယာဉ်မောင်း သန်းထိုက်အောင် ၂၈နှစ်(ဘ)ဦးသိန်းမြင့် တိုက် အမှတ်(၅၃၄၅) အခန်း(၂၄) ဝဏ္ဏသိဒ္ဓိရပ်ကွက် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်နေသူ မောင်းနှင်လာသည့် ည/----DODGE ခြောက်ဘီးအပြာရောင် ယာဉ်၏ နောက်ဘီးနှင့် ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ ကျော်ကျော်ဌေးတွင် ယာပါးဖူးရောင်၊ မေးစေ့ပေါက်ပြဲ၊ ဝမ်းဗိုက်ပွန်း၊ ဝဲပေါင် ပွန်း၊ နှုတ်ခမ်း/နှာခေါင်းညိုမည်း ဒဏ်ရာရရှိ၍ နေပြည်တော် ခုတင်(၁ဝဝဝ)ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ဆိုင်ကယ်နောက်မှထိုင်၍    စီးနင်းလာသူ မအေးသန္တာအောင် ၃၅နှစ်(ဘ) ဦးမြင့်အောင် ခွန်ထိန်း/ကျောက်ထုတ်ဌာန ဆောက်လုပ်ရေး ဝန်ကြီးရုံး နေပြည်တော်တွင် နေထိုင်သူသည် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ယာနားသွေးထွက်၊ နှာ ခေါင်းသွေးထွက်၊ ရင်ဘတ် /နောက်ကျောညိုမည်း၊ ဝဲလက်မောင်း ကျိုးကြေ ဒဏ်ရာများဖြင့် နေရာတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော် ယာဉ်မှုစစ်ရဲစခန်းမှ ရဲအုပ်မြင့်မိုးက တရားလို ပြု တိုင်တန်းသောကြောင့် အမှတ်(၅)ရဲစခန်းမှ (ပ)၃၇/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၃ဝ၄က/၃၃၈ဖြင့် အမှုဖွင့် ဆောင်ရွက် ထားကြောင်းသိရသည်။ 

0 comments:

Post a Comment