ဤအရှင်ထံသို့ ရေဖျင်းရောဂါသည်များထံမှ
တောင်းပန်စာများအကြိမ်ကြိမ်ရောက်လာဖူး၏၊ ဘယ်ပုံဘယ်နည်းပျောက် ကင်း စေ နိုင်ပါသလဲ၊ နည်းလမ်းရှိလျင်
ညွှန်ကြားပေးတော်မူပါဘုရား ဟူ၍ ရပ်ဝေးမှ စာရေးတောင်းဆိုကြသည်၊
အချို့က ခရီးကြုံကြိုက်ခိုက် ဤအရှင်ထံသို့
ဝင်ရောက်၍ တဆင့်မှာကြားလိုက်သူ ရောဂါသည်အတွက် ကိုယ်တိုင် ၀င်ရောက် ၍ မေးမြန်းလျောက်ထားတောင်းဆိုကာ
ရေးမှတ်ယူသွားကြသည်၊ အမှန်မှာ ဤအရှင်သည် ဆေးဆရာ မဟုတ် ပါ၊ ဆေးကုသေ ပး ဖူးခြင်းလဲ မရှိပါ၊
ဝါသနာလဲ မရှိပါ၊ ရောဂါသည်များအား သနားသောစိတ်ကြောင့် တတ်သမျှ မှတ်သမျှ ကလောင်ဖြင့်
ရေးသား ညွှန်ကြား ပေးနေသော သူသာ ဖြစ်၏၊
ထို့ကြောင့် စာဖတ်ပရိသတ်များအားလည်း
နည်းရစေရန် စေတနာကောင်းဖြင့် ဤတွင်ဖော်ပြပေးလိုက်ပါသည်၊ ဆေးရုံမှ ဆရာဝန်တို့ ကုသနည်းနှင့်
မတူပါ၊ လုံးဝခြားနား၏၊ ဆရာဝန်တို့ ကုသနည်းကား ရေဖျဉ်းရောဂါသည်ကို ၀မ်းဗိုက် ခွဲ၍ ရေ ထုတ် ပစ်ပြီး
ပြန်ချုပ်ပေးခြင်းသာ ဖြစ်သည် ဆို၏၊
သို့သော် တစ်နှစ်ကျော်လျင် ၀မ်းဗိုက်ဖောင်းကာ
ပြန်ဖြစ်လာတတ်သည် ဆို၏၊ တဖန် ဒုတိယအကြိမ် ခွဲ၍ ထုတ်ပေးရပြန် သည်၊ ခေတ္တကောင်းသလို ရှိသော်လည်း
တဖန်ဖြစ်လာတတ်ပြန်သည်၊ ထိုအခါ ဆရာဝန်တို့ သုံးကြိမ် မြောက် မခွဲရဲကြ တော့ချေ၊ အကြောင်းမှာ
သုံးကြိမ်ခွဲပြီးလျင် သေသွားတတ်ကြသောကြောင့် ဖြစ်သည် ဆို၏၊
ရန်ကုန်မြို့ ပြည်လမ်း၌နေထိုင်သူ
နာမည်ကျော် ဒကာကြီးတဦး ထိုရောဂါ ခံစားနေရ၍ သူ၏ဖြစ်ရပ်နှင့် ဆရာဝန်တို့ ကုထုံးကို ပြောပြဖူး၏၊
နောက်ထပ် မခွဲတော့ပဲ ဆေးကုသပေးခြင်း မခံယူတော့ပဲ နေသွားပြန်ကလည်း ရေဖျဉ်းရောဂါဖြင့်
မကြာခင် သေ သွားကြရမြဲကျိန်းသေကဲ့သို့ ဖြစ်နေသည် ဆို၏၊ ကြောက်စရာ ရောဂါမျိုး ဟူ၍ လူအများက
ပြော စမှတ် ပြု ထားကြ သည်၊ မြန်မာ သမားတော်တို့ကလည်း နိုင်နင်းအောင် ကုသပေးခြင်း မတတ်နိုင်ကြလေရော့လား
ဟူ၍ တွေးဆ မိသည်၊
ဤအရှင်နည်းမှာ မခက်ခဲပါ၊ စရိတ်ကုန်ကျများသော
ဆေးနည်းမျိုးလဲ မဟုတ်ပါ၊ ဗိုက်ခွဲ ရေထုတ်ပစ်ရန်လည်း မလိုပါ၊ ထိုရောဂါကြောင့် လူမသေရတော့ပါ၊
စိတ်ချရသောနည်း ဖြစ်သည်။
ဆေးမယ်များ
ကျောက်ချဉ်၊ ယမ်းစိမ်း၊ ဒုတ္ထာ - ဆေးမယ်
ဤသုံးမျိုးကို အလေးချိန် ဆတူယူ၍ “ တေဇောဒကဆေးရည် “ ဖြစ်အောင် ချက်ယူရပါမည်၊ ချက်နည်းမခက်ပါ၊ ဤတွင် ညွှန်ကြားမည်၊
ဆေးရည်ဖော်စပ်နည်း
ဥပမာ- အလေးချိန် ၂ ကျပ်သားစီ ယူ၍
ရေ လက်ဖက်ရည်ပုဂံဖြင့် အဖန်ရည်ကို နှစ်လုံးမျှထည့်ပါ၊
၎င်းကို အရက်ချက် သကဲ့သို့ ပေါင်းတင်၍ ချက်ပြီး ချွေးရည် (တေဇောဒကရည်) ကို ခံယူရခြင်း
ဖြစ်သည်၊ လူတိုင်း နားလည်ကြ ပါမည်၊ တေဇော ဒကဆေးရည်ကို ပုလင်းတွင် ထည့်ထားပါ၊
ဖော်စပ်နည်း
၎င်းတေဇောဒက ဆေးရည် ကို ပျားရည်တွင်
ထည့်၍ နေလှန်းပေးရသည်၊ အချိုးအစားမှာ ပျားရည်ပုလင်းကြီး တပုလင်း တွင် တေဇောဒကဆေးရည်ကို
ဟင်းသောက်စတီးဇွန်း နှင့် တစ်ဇွန်းထည့်ပြီး ပုလင်းကို ကြာကြာကိုင်၍ လှုပ်ပေးနေပါ၊ ထို့နောက်
ပုလင်းကို ပိတ်၍ နေပူ၌ (၃) ရက်လှန်းပေးပါ၊ ၃- ရက်လှန်းပြီးလျင် စားသုံးရန် အဆင်သင့်
ဖြစ်ပါပြီ၊
ဆေးစားသုံးနည်း
ရေဖျဉ်းရောဂါပျောက်ကင်းချမ်းသာစေရန်အတွက်
နံနက်ပိုင်းတွင် တကြိမ်၊ ညဦးပိုင်းတွင် တကြိမ်၊ ၄င်းပျားရည်ကို ဟင်း သောက် စတီးဇွန်းနှင့်
တဇွန်းကျ သောက်ပေးပါ၊ ပြီးလျင် ရေနွေး အဖန်ရည်ကို ၀၀ကြီး သောက်ပေးပါ၊ ရေအေး မသောက်
ပါနှင့်၊ ဤနည်းအတိုင်း ရောဂါအခြေအနေ ကောင်းလာသည့်တိုင်အောင် အချိန်ရက်ကြာကြာ ဆက်တိုက်သောက်
ပေး သွားရပါ မည်၊ ရေဖျဉ်းစွဲနေသော ၀မ်းဗိုက်ဖောင်းဖောင်းကြီးသည် တဖြည်းဖြည်း လျှောဆင်းသွားလိမ့်မည်၊
ဤကား ဆေးနည်းနှ င့် ဆေးစားသုံးနည်းတည်း။
ကိုယ်ခန္ဓာ ပြုပြင်လေ့ကျင့် နည်း
ရေဖျဉ်းရောဂါကို ဆေးတမျိုးတည်း စားရုံဖြင့်
မလုံလောက်ပါ၊ ကိုယ်ခန္ဓာ ပြုပြင်ပေးနည်းပါ တွဲဖက်ရသည်၊ ကိုယ်ခန္ဓာ ပြုပြင် နည်းကလဲ မခက်ခဲပါ၊
ရှေးဦးစွာ အိပ်ယာပေါ်၌ ပက်လက်အနေအထားဖြင့်
ခြေလက်ကို စန့်စန့်ထား၍ အိပ်ပါ၊ ထို့နောက် ဖောင်းနေသော ၀မ်းဗိုက် ကို ပျောက်ကွယ်၍ ပိန်ချပ်သွားသည်အထိ
တဖြည်းဖြည်းချင်း ရှိုက်ပေးပါ၊ အစပိုင်းတချိန်ထက် လေ့ကျင့်မှု အရှိန်ကောင်း လာလျင် ရင်ဘတ်သည်
ကျောရိုး၌ ကပ်နေသည်အထိ ပိန်ကျသွားအောင်နိုင်နင်းစွာ ရှိုက်၍ ပေးသွားပါ၊
ဤနည်းအတိုင်း တစ်ကြိမ်လျင် (၁၀) ခါထက်
မနည်းစေပဲ လေ့ကျင့်ပေးရပါမည်၊ တခါတရံ အနေမှန်လိုက်၊ ရှိုက်ပေး လိုက် ဖြင့် ၁၀ ခါအထိ
လေ့ကျင့်ပေးရမည် ဟု ဆိုလိုသည်၊ တနေ့လျင် အနည်းဆုံး ၃- ကြိမ်လေ့ကျင့်ပေးပါ၊
မနက်အိပ် ယာမထ ခင် တကြိမ်၊ နေ့လည် တကြိမ်၊ ညအိပ်ယာဝင်တကြိမ်ဖြစ်သည်၊
ဤလေ့ကျင့်နည်း အောင်မြင်မှုရပြီးလျင်
ရေဖျဉ်းရောဂါကြောင့် သေရမည့်ဘေးမှ ကျော်လွန်ခဲ့ပြီ ဟူ၍ မှတ်ပါ၊ ထို့နောက် ဆက်ရမည်၊
ဒုတိယအဆင့်မှာ မတ်မတ်ရပ်၍ အထက်ပါနည်းအတိုင်း
တနေ့ ၃- ကြိမ် လေ့ကျင့်ပေးပါ၊ မတ်တပ်ရပ်ပြီး လေ့ကျင့် နည်းေ အာင်မြင်ခဲ့လျင် နောက်ဆက်တွဲ
လေ့ကျင့်နည်းမှာ ထိုင်နေရင်း၎င်း၊ အိပ်ယာပေါ်မှာ ဘယ်စောင်း ညာစောင်း လှဲနေရင်း၎င်း အထက်ပါနည်းအတိုင်း
လေ့ကျင့်ပေးသွားပါ၊ ၀န်လေးစရာ မရှိပါ၊ အညောင်းအညာ ဖြေသလိုပါပဲ၊
ဤပုံဤနည်းအတိုင်း တေဇောဒကဆေးရည်ကို
နေ့စဉ်မှန်မှန်သောက်သုံး၍ ကိုယ်ခန္ဓာပြုပြင်လေ့ကျင့်နည်းကို ပုံမှန် လုပ် ပေး သွားပါက
ရေဖျဉ်းရောဂါကြောင့် ငါ လုံးဝ မသေနိုင်တော့ဘူး ဟု မှတ်ယူလိုက်ပါတော့၊ ၀မ်းဗိုက်ဖောင်းနေခြင်း
မရှိတော့ လျင် တေဇောဒကပျားရည်ဆေး သောက်သုံးခြင်းကို ရပ်နားထားလိုက်ပါ၊ ဤအရှင်၏ နည်းကောင်းနည်းမှန်ကို
လိုက်နာကြ သော ရေဖျဉ်းရောဂါရှင်များသည် သေဘေးမှ လွတ်မြောက်ခဲ့ကြလေပြီ၊ ရေဖျဉ်းရောဂါဖြင့်
မသေကြရတော့ပါ၊
Rf. တောင်တန်းသာသနာပြု ဆရာတော်ကြီး
ဦးဥတ္တသာရ ၏ ကိုယ်တွေ့မှတ်တမ်းများ နှာ- ၁၅၇-၁၆၀
http://www.dhammayaungchi.com/2012/05/blog-post_07.html
0 comments:
Post a Comment