ဆံပင်မကျွတ်ရန်စီစဉ်နည်း
ကန့်ဖြစ်စေ၊ လက်ချာဖြစ်စေ၊ ရေနွေးပူပူတွင် ဖျော်၍ ဆံပင်ကိုလိမ်းပါ၊ ဆံပင်အလွန် သန်စွမ်း ပါသည်။ (သို့) ဂုံညင်းစေ့ကို ပျားရည်ဖြင့်ဆေးပြီး
ဦးရေဖျားထိလိမ်းပေးပါ။

ဖန်ထည်ပစ္စည်းအရောင်မှိန်သော်
ဆားရေပူတွင် ဆေးကြောခြင်းဖြင့် အရောင်တောက်ပလာပါမည်။

အဝတ်များပြန်လည်ဖြူစင်လာစေရန်
ရေနံဆီ (၄-၅) စက်ခန့် ထည့်ပြုတ်ပါ။ (တနည်း) သံပုရာသီး(၄-၅) စက်ခန်းထည့် ပြုတ်ပါ။
သံပုရာသီး အရည်ပိုထွက်ရန်
မညစ်မှီတွင် မီးနွေးနွေးနှင့် ကင်၊ သံပုရာသီးကို ကန့်လန့် မဖြတ်ရ။
ငွေထည်များ အရောင်တင်လိုသော်
အာလူးပြုတ်ရေတွင် စိမ်ထားပါ။ ပရုတ်လုံးထည့်၍ သိမ်းထားပါ။ အရောင်ပျက်ခြင်း၊
မှိန်ခြင်း မရှိပါ။

ကြက်ဥတာရှည်ခံရန်
ဆိုဒီယမ်ဆီလီ ကိတ် ၁ ဆ၊ ရေ ၉ ဆရောပြီး ဖန်ခွက်တွင် ကြက်ဥမြှုပ်သည်အထိထည့်၍ ရေပေါ် မပေါ်စေရန် ဖိထားပါ၊ အေးသောနေရာတွင် ထားပါက တစ်နှစ်ခံပါသည်။

နှင်းခူအစို၊ အခြောက်ဖြစ်သော်
ဆေးရွက်ကြီးကို ပြာချ၍ ရေနံကြီးဖြင့် လိမ်းပေးပါ။

ပိုးသတ်ဆေး ဖော်စပ်နည်း
ပေါင်ဒါ (၄) အောင်စ၊ နနွင်း (၄)အောင်စ ၊ ယူကလစ် (၁)ရွေး၊ အမှုန့်များပြုလုပ်၍ ရောမွှေပါ။

သန်းသတ်ဆေး ရည်ပြုလုပ်နည်း
ရှာလကာရည် (½) အောင်စ၊ နနွင်း (¼) အောင်စ ရော၍ သုံးပါ။

ကြမ်းပိုးပြေးနည်း
အိမ်အောက်၌ စားပြီးသား ဒူးရင်းခွံကိုချိတ်ပါ။

ကြက်သားအရိုးပျောက် ချက်နည်း
ထန်းရေတစ်ပုလင်း ကို (၃) ရက်ခန့် နေပူခံ၍ အဝတ်ပါးဖြင့် စစ်၍ ကြက်သားကို နယ်ပြီး ချက်ပါ။

ခြေဖနောင့်ကွဲသော်
ဆန်ဆေးရည် ဒုတိယရည်နှင့် ညအိပ်ယာဝင်တိုင်လိမ်းပါ။ (သို့မဟုတ်) စနိုးလူးပေးပါက ပျောက်ပါသည်။
ရေဒီယို၊ တီဗွီ၊ ကက်ဆက်၊ ဗွီဒီယို နှင့် ကော်မှန်ပြားများ အရောင်တည်နည်း
သွားတိုက်ဆေးးနှင့် အုန်းဆီအနည်းငယ်ရော၍ ဂွမ်းစနုနုဖြင့် ပွတ်တိုက်ပါက
အသစ်ကဲ့သို့ တောက်ပြောင်လာပါမည်။
စိုထိုင်းနေသော ထင်း၊မီးသွေးများ မီးမွှေးလိုသော်
စိုထိုင်းနေသော ထင်းမီးသွေးများကို လွယ်ကူစွာ မီးမွှေးလိုလျှင်
အာလူးခွံခြောက် (သို့) လိမ္မော်ခွံခြောက်များထည့်၍ မွှေးပါ။

ဖန်ခွက် ထဲသို့ရေနွေးပူထည့်လိုလျှင်
ဇွန်းတစ်ချောင်းအား ဖန်ခွက်ထဲထည့်ပြီးမှ ရေနွေးကို ဖြေးးညင်းစွာလောင်းချပါ။ ဇွန်းသည် အပူဓာတ်ကိုစုပ်ယူ၍ ဖန်ခွက်မကွဲပါ။

ဘောပင်မင်မလိုက်လျှင်
ဘောပင်ထိပ်ကို အရက်ပျံဆွတ်ပေးပါ။
ဟင်းအိုးထဲ ဆားငံလျှင်
မီးခဲရဲရဲတစ်ခဲကို ဟင်းအိုးထဲရေဆေးထည့်ပါ၊ ၅ မိနစ်ခန့်ထားပြီးမှ ပြန်ဆယ်ပါ။

ဘုရားပန်းများကြာရှည်ခံရန်
ကန့်မှုန့်တစ်မတ်သား ကြိတ်ထည့်ပါ။ (သို့) သကြား ၅ပွင့် ၁၀ ပွင့်ခန့်ထည့်ပါ။

မြွေအန္တရာယ်တားနည်း
ဆေးဒါန်းဆားဖျော်၍ မြွေရှိသောနေရာတွင် ပက်ဖျန်းပါက မြွေများထွက်ပြေးပါမည်။
ဇစ်များပိတ်လျှင် ပြန်ကွာသော်
ဟမ်းဘတ်၊ ဂျာကင်၊ လက်ဆွဲဇစ်များ ပိတ်၍ ပြန်ကွာလျှင် ဇစ်ခေါင်းကို အနည်းငယ်ဖိကိုက်ပေးပါ။
ကြပ်နေသော ဖန်ပုလင်း၊ ဖန်ချိုင့်များဖွင့်နည်း
၁လက်မ၊ ၂လက်မထုရှိသော ရေနွေးပူပူတွင် မှောက်ချထားလျှင် အလွယ်တကူ
ဖွင့်လာပါလိမ့်မည်။
မှန်အရောင်တည်နည်း
အ၀တ်သန့်သန့် ဖြင့် အရက်ပြန်ဆွတ်၍ ပွတ်တိုက်ပါက ကြည်လင်တောက်ပလာမည်။

ရေခဲတုံးကြာရှည်ခံနည်း
ရေခဲတုံးအား သတင်းစာစက္ကူနှင့် လုံအောင်ထုပ်၍ ပေးပါက ရေခဲတုံးကြာရှည်ခဲပါသည်။

တစ်ခါသုံးဘောပင်ဖြင့် မီးထွန်းနည်း
တစ်ခါသုံးဘောပင်မှ ခေါင်ထိပ်အထဲ ဖဲထီး၊ သံချောင်းဖြင့် မီးဇာဝင်လာအောင် အပေါက်ချ၍ မီးစာသွင်းပြီး ဘောပင်ကိုဓါတ်ဆီထည့်၍ မီးထွန်းပါက
ဖယောင်းတိုင်ကဲ့သို့ မီးလင်းပါသည်။

လျှို့ဝှက်မှင်စပ်နည်း၊ ရေးသောစာဖတ်နည်း
ကြက်သွန်နီနှင့် ဆပ်ပြာ(၂)မျိုးကို အညီအမျှ ညက်စွာ ကြိတ်ပြီးလျှင် ရေသင့်တင့်ရုံနှင့်ဖျော်ပါ။ ထိုသို့ ဖျော်ပြီးနောက် အပေါ်အရေကြည်ကို ယူပြီး
စက္ကူပေါ်တွင် လိုရာစာကြောင်းများရေးပါလေ၊ ၎င်းစာကို သူ့အတိုင်းကြည့်၍ မမြင်ရပါ။
မီးကင်ကြည့်လျှင် နဂိုအတိုင်းထင်ရှားစွာတွေ့မြင်ရပါသည်။

ဆံပင်ကျဲ ၊ဆံပင်ကျွတ်ခဲ့လျှင်
သံပုရာသီး၊ အစေ့သွေးလိမ်းပါက ပျောက်ကင်းနိုင်ပါသည်။

ကြွက်နို့ပျောက်နည်း
ကြွက်နို့အား ရေနူးစေပြီး ကြောင်၏ နှုတ်ခမ်းမွှေးဖြင့် ကြွက်နို့လုံးထဲသို့သွင်းထားပါ။ ကြွက်နို့လုံးမျိုး ပြုတ်မည်။

အပူလောင်ခဲ့သော်
ကွမ်းရွက်ကို သကြားနှင့်ရောကြိတ်၍ အုံပေးပါ။

သံချေးစွန်းသော်
လ္ဘက်ရည် ပုဂံတစ်လုံးခန့် ဆန်ပြုတ်စွန်းသော အ၀တ်ကို (၅) နာရီခန့်စိမ်ထားပါ။ ပြီးလျှင် ဆပ်ပြာနှင့် လျှော်ဖွပ်ပါ။ (တစ်နည်း) ခရမ်းချဉ်သီးမှဲ့နှင့်
ပွတ်ပါ။

ငါးခြောက်ဆားငံလျှင်
ငါးခြောက်အား (၅)မိနစ်ခန့် ဆားရေစိမ်ပြီး ပြန်ဆယ်ပါက ဆားပေါ့သွားမည်။

ဆန်တပြည်ကို တစ်လလုံးစား၍ ရသောနည်း
ဆန်ကြမ်းထမင်းတပြည်ချက်ကို ရေစင်စွာဆေး၍ နေမှာလှမ်းရမည်။ ခြောက်လျှင် မီးနှင့် လှော်ပြီး ဆား၊ ငရုတ်ကောင်း၊ ဂျင်း သင့်တော် အောင်ထည့်၍
ညက်ညက်ပါအောင်ထောင်းပါ။ ထို့နောက် ဝါးကျည်တောက်နှင့် ထည့်ပါ။
ဂုံညှင်းလုံးခန့်မျှ စားပါက တစ်နေ့လုံး အစာခံနိုင်သည်။

ဝက်ခြံပျောက်ဆေး
ကြက်ဟင်းခါးသီးအစေ့ကို ဆားအနည်းငယ်ရောစပ်ပြီး ကြိတ်၍ အရက်အနည်းငယ်ဖြင့် ရောစပ်ခါ ၀က်ခြံထူထပ်သောနေရာများလိမ်းပါ။ ဝက်ခြံပျောက်ပါသည်။

နွားနို့ မချဉ်အောင်ထားနည်း
နွားနို့အသုံးမပြုလိုလျှင် နွားနို့ထဲသို့ ငရုပ်စိမ်းတောင့်အညှာဖြတ်၍ ထည့်ထားပါ။ အသုံးလိုမှ ပြန်ဆယ်ပါ။ နွားနို့များ အချိန်ကြာမြင့်စွာ
ထား၍ရပါသည်။

ငါးသလောက်ပေါင်းနည်း
ကြွေဇွန်းတစ်ချောင်းထည့်၍ ပေါင်းပါ။
ကြွေဇွန်းတစ်ချောင်းထည့်၍ ပေါင်းပါ။
ဆန်များပိုးမထိုးသောနည်း
ဆန်ထဲတွင် ကျွန်းသစ်သားတစ်ချောင်းထည့်ထားပါက ဆန်များပိုးမထိုးတော့ပါ။

မေးခိုင်ကာကွယ်နည်း
သွပ်ပြား၊ သံပြားရှလျှင် မရွေးကြီးရွက်ထောင်း၍ သိပ်ပေးပါ။
ဖားဥစွဲသော်
ဖြူစင်သော အ၀တ်များကိုရေစွတ်၍ ဖားဥစွဲသော် အ၀တ်ပေါ်အုပ်၍ မီးပူပူနှင့်
နာနာပွတ်တိုက်ပါက ဖားဥများပျောက်ကင်းသွားပါသည်။

ရှောက်သီးများ မပုပ်အောင်ထားနည်း
ရှောက်သီးများ လွှစာဖုံး၍ ထင်းရှူးးသေတ္တာတွင့် ထည့်၍ ထားပါ။ ကြာရှည်စွာ လတ်လတ်ဆတ်ဆတ်ရှိနေပါသည်။

ကြွက်များမလာအောင် ပြုလုပ်နည်း
ရှိန်းခိုကို ရေဖျော်၍ ကြွက်လာရာလမ်းများတွင် ဖျန်းပေးပါက ကြွက်လုံးဝ မလာပါ။
မျက်နှာ အဆီပြန်လျှင်
မျက်နှာသစ်လျှင် ရှောက်ရည်အနည်းငယ်ထည့်၍ သစ်ပါ။

ကြိမ်ကုလားထိုင်များ လျော့ကျလျှင်
ရေနွေးပူပူတွင် ဆော်ဒါမှုန့်ရော ကြိမ်များဆွတ်ပြီး နေပူပူတွင်ထားပါက ဆေးရည်များခြောက်လျှင် ကြိမ်ကြိုးများ ပြန်လည်တင်းလာမည်။

ကွမ်းတံတွေးစွန်းလျှင်
ခရမ်းချဉ်သီးနှင့်ပွတ်တိုက်ပါက ပျောက်ကင်းပါသည်။

လက်အဆူးစူးလျှင်
ပုလင်းထဲရေနွေးပူပူထည့်ပြီး အဆူးစူးသော နေရာကို ပုလင်းဝတွင် ဖိနှိပ်အပါက အဆူးထွက်လာပါမည်။

ဖယောင်းတိုင်အတိုဖြင့် မီးကြာရှည်ထွန်းနည်း
ဆားကိုမှုန့်နေအောင်ထောင်း၍ မီးဇာအပေါ် ဖြူးပေးပါက ကြာရှည်စွာ အထွန်းခံပါသည်။

ပုရွက်ဆိတ်များ မလာအောင်ပြုလုပ်နည်း
ပုရွက်ဆိတ်များ၊ ဧည့်ခန်း၊ မီးဖို၊ ထမင်းစားခန်းများ၌ ရှိနေလျှင် သခွားသီး၊ အခွံပါးပါးလှီး၍ ချထားပါ။

ပိုးဟတ်ပြေးနည်း
ပိုးဟတ်များမလာစေရန် ကြောင်အိမ်၊ ပန်းကန်စင်တွင် လေညှင်းပွင့်များထောင်း၍ ဖြူးထားပေးပါ။

သံစူး၊ ပုလင်းကွဲရှသော်
အနာမရင်းရန် မေးခိုင်ပိုးမ၀င်ရန်၊ ရွေးကြီးရွက် ထောင်းသိပ်ပါ။
ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ အရောင်တည်နည်း။
ဇဝက်သာဇွန်း (၁)ဇွန်းကို ရေအေးဖြင့် ရောစပ်ပြီး ရွှေထည်များစိမ်၍ ဆေးကြောပါ။
အရောင်လက်လာသည်။

ဖော်ဝက်မေးလ်မှ ကူယူဖော်ပြထားခြင်းဖြစ်ပီး
ဟိုးအရင် ရထားပေါ် ကားပေါ်တွင် ရောင်းစာအုပ်လေးများ ဖြစ်ပါသည်
http://forum.mmitd.com/profiles/blogs/2257474:BlogPost:595405
0 comments:
Post a Comment