လင်ရှိမယားကို ခိုးယူပေါင်းသင်း၍ ထောင်တစ်နှစ်ကျ

 ထားဝယ် စက်တင်ဘာ၁၇.၂၀၁၂

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အောက်သရက် ချောင်းအုပ်စု နှမ်းပရုပ် ရပ်ကွက်နေ ဦးဖိုးစေး(ခ) ဦးယုစိန်၏ ဇနီးဖြစ်သူ ဒေါ်မာမာလွင်ကို တစ်ရွာတည်းနေ ဦးမျိုးမြင့် အောင်ဆိုသူနှင့် အိမ်ပေါ်တွင် အတူနေ အတူသွား နေသည့်အတွက် သားသမီးများက ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင် ကျေးရွာရှိ ဖခင်ထံသွားရောက် ပြောကြား သဖြင့် မာမာလွင်၏ ခင်ပွန်းဖြစ်သူက အရေး ယူပေးပါ ရန်  တိုင်ကြားခဲ့ မှုဖြစ်သည်။ သရက်ချောင်း မြို့နယ် ဝင်းဝ ရဲစခန်းက (က)(ခ) ပုံစံဖြင့် တရားရုံးသို့ တင်ပို့ပေး ၍ ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်တရား ရုံးတွင် ပြစ်မှုကြီး အမှုအမှတ် (၉၁/၂ဝ၁၂) ပြစ်မှုပုဒ်မ ၄၉၇ မယားခိုးမှု  ပြစ်မှုထင်ရှား သဖြင့် မျိုးမြင့်အောင် ကိုအလုပ်နှင့် ထောင်ဒဏ်၁နှစ် ကျခံစေရန်  စက်တင် ဘာ၁၃ ရက်က အမိန့်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။

ပို့စ်ပိုင်ရှင်

0 comments:

Post a Comment