ကောလင်း စက်တင်ဘာ ၁ဝ. ၂၀၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့တွင် ငွေကျပ် ၁ဝသိန်းတန် ထီပေါက်မဲ
လက်မှတ်ကို ထီလက်မှတ် အတု တစ်ခုဖြင့် ဆုကြေးငွေ လာရောက်
ထုတ်ယူသူနှစ်ဦးကို ကောလင်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်မှူး ဒုတိယ ရဲအုပ်
သန်းဇော်က အမှုဖွင့် အရေးယူ ဆောင်ရွက်ရာ သြဂုတ် ၂၈ရက်က ကောလင်းမြို့နယ်
တရားရုံးက ရာကြီးအမှတ် ၉၉၉/၂ဝ၁၂ ဖြင့် ပြစ်မှုထင် ရှားသောကြောင့်
ထောင်ဒဏ်နှစ်နှစ်စီ တစ်ပေါင်းတည်း ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ
ကောလင်းမြို့ဈေးရုံရပ် ဆင်ဖြူတော် ထီဆိုင်တွင် သြဂုတ် ၇ရက်က
ဖြစ်ပွားခဲ့ရာ (၂၈၃)ကြိမ် မြောက် ထီဖွင့်ပွဲတွင် ဝ-၇၃၉၅၁၆ နံပါတ်ဖြင့်
ငွေကျပ် ၁ဝသိန်းဆု ပေါက်မဲနံ ပါတ်ကို ပြန်လည်ပြုပြင် ကာ ဆုကြေး ငွေထုတ်ရန်
ကြိုးစားခဲ့ခြင်းဖြစ်သည်။ ထီလက်မှတ် နံပါတ် ဝ-၇၃၉၅၁၆တွင်
နောက်ဆုံးဂဏန်း(၆)မှာ ပြုပြင်ထားကြောင်း ထီရောင်းသူ ဆင်ဖြူတော်
ထီဆိုင်ပိုင်ရှင် ဦးမင်းနိုင်က စစ်ဆေးတွေ့ရှိရာမှ ထီလက်မှတ် ရောင်းလာသူ
ဇော်ဦး၃၆နှစ်(ဘ) ဦးသန်းဝင်း(ကွမ်းယာရောင်း) ရန်ကုန်တိုင်းဒေသကြီး
အမှတ်(၂ဝ)လှိုင်သာယာမြို့ နယ်နှင့် ကျော်ဦး၆ဝနှစ် (ဘ)ဦးကျော်အေး(စက်ချုပ်)
ပုလွှေရွှေရွာ ကသာမြို့နယ် နေသူတို့ကို ကော လင်းမြို့
မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ တာဝန်မှူး ဒုတိယရဲအုပ် သန်းဇော်က (ပ)၂၃၈/
၂ဝ၁၂ ပြစ်မှုပုဒ်မ ၄၂ဝ/၄၆၈ အရ အမှုကိုခိုင်မာအောင် တည်ဆောက်ပြီး
အမှုဖွင့်အရေးယူခဲ့သည်။ ထို့နောက် ကောလင်းမြို့နယ် တရားရုံးသို့ ရာကြီးအမှတ်
၉၉၉/၂ဝ၁၂အရ အမှုကိုစွဲချက် တင်ရာ သြဂုတ်၂၈ရက်က ပြစ်မှုထင်ရှား သဖြင့်
ဇော်ဦးနှင့် ကျော်ဦးတို့ကို ပြစ်မှုပုဒ်မ ၄၂ဝအရ ထောင်ဒဏ်နှစ်နှစ်စီ၊
ပြစ်မှုပုဒ်မ ၄၆၈အရ ထောင်ဒဏ်နှစ်နှစ်စီကို တစ်ပေါင်းတည်း
ကျခံစေရန်အမိန့်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment