- Published on Thursday, 06 September 2012 04:15
- Written by Manager5
- Hits: 58
တောင်ငူ စက်တင်ဘာ ၅
ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် နန်ချွန်ကျေးရွာ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၁၈၈/၇)၌ စက်တင်ဘာ
၃ ရက် ည ၉ နာရီ ခန့်က ဆိုင်ကယ် မဆင်မခြင် မောင်းနှင်မှုကြောင့် လူတစ်ဦး
ပြုတ်ကျ၍ တောင်ငူပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည့် ဖြစ်စဉ်
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
တောင်မှမြောက်သို့ ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ရဲနိုင် ၅၄ နှစ်
(ဘ)ဦးမောင်စံ (တောင်သူ) ကွင်းကြီး ကျေး ရွာအုပ်စု သပြေကုန်း ကျေးရွာနေသူ
မောင်းနှင်ပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် ဇနီးဖြစ်သူ ဒေါ်မြညွန့် ၅ဝ
နှစ် (ဘ)ဦးကျော်အောင် ကွင်းကြီး ကျေးရွာအုပ်စု သပြေကုန်း ကျေးရွာ
နေသူတို့၏ ကန်ဘို (အနက် ရောင်-၁၁ဝ)၃ယ/..... ဆိုင်ကယ် သည်
မျက်နှာချင်းဆိုင်မှ လာသော ကားများကို ရှောင်တိမ်းစဉ် ဇနီးဖြစ်သူသည် ဆိုင်ကယ်ပေါ်မှ
ပြုတ်ကျပြီး ယာပေါင်ပေါက် ပြဲဒဏ်ရာတစ်ချက်၊ ယာဒူးညိုမည်း ဒဏ်ရာတစ်ချက်၊
ဝဲဒူးစုတ်ပြတ် ပေါက်ပြဲ ဒဏ်ရာများ၊ ဝမ်းဗိုက်နာကျင် ဒဏ်ရာများ ရရှိခဲ့ ပြီး
တောင်ငူပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှု
ခံယူစဉ် စက်တင်ဘာ ၃ ရက် ည ၁၁ နာရီခွဲက သေ ဆုံး သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အရ ယာဉ် မဆင်မခြင် မောင်းနှင်သူ ရဲနိုင်ကို ရေတာရှည် ရဲစခန်းမှ
(ပ)၂၃၃/ ၂ဝ၁၂ ပုဒ်မ ၃ဝ၄ (က)အရ အမှုဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
0 comments:
Post a Comment