ဆိုင်ကယ်မဆင်မခြင် မောင်းနှင်မှုကြောင့် (၁၂)နှစ်အရွယ် ကလေးငယ်သေဆုံး

 မြစ်ကြီးနား စက်တင်ဘာ၁၂

မြစ်ကြီးနားမြို့၌ စက်တင်ဘာ၈ရက်က ဆိုင်ကယ် မဆင်မခြင်မောင်းနှင်မှုကြောင့် (၁၂) နှစ်အရွယ် ကလေးငယ် သေဆုံးမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ  စက်တင်ဘာ၈ရက် နံနက်၈နာရီ ၄၅မိနစ်က မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်နယ်မြေ(၄)လမ်းနှင့် နယ်မြေ(၂)လမ်းဆုံ အိမ်အမှတ်(၆၃)မှ ဖီကွန်၁၂၅ မော်တော်ဆိုင်ကယ်ကို လဂျာ(ကျောင်းသား )မောင်းနှင်ပြီး မောင်ဇော်တန် (ကျောင်းသား)နောက်မှ လိုက်ပါစီးနင်းကာ အိမ်အမှတ်(၆၄) ခြံစည်းရိုးထောင့်တွင် တိမ်းမှောက်ရာ နောက်မှထိုင်လိုက်သူ မောင်ဇော်တန်၁၂နှစ်(ကျောင်းသား)မှာ  ဘယ်ဘက်နောက်ကျော ပွန်းပဲ့ ဒဏ်ရာနှင့် ဘယ်ဘက်နံဘေး ချိုင့်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ ဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ လဂျာ၁၇နှစ်(ဘ)ဦးတန်ယော်အား မြစ်ကြီးနားမြို့ အမှတ်(၁)ရဲ တပ်ဖွဲ့စခန်းမှ (ပ)၂ဝ၃/၂ဝ၁၂၊ ပုဒ်မ- ၃ဝ၄(က)အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။  

0 comments:

Post a Comment