ငါးသေတ္တာပုံးနှင့် သမုဒ္ဒရာထဲတွင် ၂၆နာရီကျော် မျောပါခဲ့သူ အသက်ရှင်

 
အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်မှ ငါးဖမ်းသမားတစ်ဦးဖြစ်သူ ရိုင်ယန်ဟာရစ်သည် ရေခဲတမျှ အေးစက်နေသော အတ္တလန္တိတ် သမုဒ္ဒရာထဲတွင် ၂၆နာရီကျော် ငါးထည့်သည့်သေတ္တာနှင့် မျောပါလာခဲ့ရာ ငါးဖမ်းသင်္ဘောများက တွေ့ရှိကာ ကယ်ဆယ်နိုင်ခဲ့ကြောင်း စက်တင်ဘာ၁၂ရက် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အသက်၁၉ နှစ်အရွယ်ရှိ ဟာရစ်သည် မိတ်ဆွေတစ်ဦးနှင့် ငါးဖမ်းထွက်စဉ် လှေနစ်မြုပ်သွားခဲ့သဖြင့် ငါးထည့်သည့် ပလတ်စတစ်သေတ္တာနှင့် အေးစက်နေသော သမုဒ္ဒရာလှိုင်းတံပိုးများအကြား လူးလွန့်ရင်း ၂၆နာရီကျော် မျောပါနေခဲ့သည်။ ဟာရစ်ကို အခြားငါးဖမ်းလှေများက တွေ့ရှိကယ်ဆယ်ခဲ့ပြီး နီးစပ်ရာဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့သည်။ ဟာရစ်သည် သမုဒ္ဒရာအတွင်းရှိ လှိုင်းတံပိုးများအကြား မျောပါနေစဉ် သီချင်းများသီဆိုပြီး စိတ်ဓာတ်တက်ကြွ လာစေရန် ကြိုးစားခဲ့ရကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။

0 comments:

Post a Comment