အမေရိကန်နိုင်ငံ
လူစီယားနားပြည်နယ် နယူးအော်ရီလင်းမြို့ရှိ အမျိုးသမီးတစ်ဦးသည် စက်တင်ဘာလ
၂ရက်နေ့က နေအိမ်သို့ပြန်လာသည့် ခင်ပွန်းသည်ကို သူခိုးထင်မှတ်၍ သေနတ်ဖြင့်
မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အသက်၅၃နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည်
နေအိမ်သို့ သူခိုးဝင်ရောက်မည်ကို အမြဲတစေ စိုးရိမ်တကြီး ရှိနေတတ်သည်။
ခင်ပွန်းဖြစ်သူ ရုတ်တရက်ပြန်ရောက်လာသည်ကို သူခိုးထင်၍ မှားယွင်းပြီး
ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့မှ
ခန့်မှန်းပြောကြားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း
သိရှိရသည်။
0 comments:
Post a Comment