ချင်းပြည်နယ်ဖလမ်းမြို့အနီး Surbung တောင်ပေါ်တွင် အစိုးရက လေယာဉ်ကွင်းတည်ဆောက် ရန် စီစဉ်နေသည်ဟု ကြားသိရသည်။
အောက်တိုဘာ ၂၆ ရက်နေ့က မြန်မာ့လေကြောင်းမှ ဦးသန့်ဇော်မိုးနှင့်တာဝန်ရှိ ၇ ဦး ချင်းပြည် နယ်သို့ရောက်ရှိပြီး ကွင်းဆင်းလေ့လာကြကြောင်း ကြားသိရသည်။
အရှည် ပေ ၈၀၀၀x အကျယ်ပေ၂၀၀ခန့်ရှိမည့် အဆိုပါ Surbung လေယာဉ်ကွင်းသည် ဖလမ်းမြို့ မှ ၁၀ မိုင်၊ ဟားခါး၊ ထန်တလန်၊ အိန္ဒိယ မြန်မာနယ်စပ် အသီးသီးမှ နှစ်နာရီခရီးရှိမည်ဖြစ်သဖြင့် ချင်းပြည်နယ်အတွက် အသင့်တော်ဆုံး နေရာတွင် တည်ရှိကြောင်း ပြောကြသည်။
ချင်းပြည်နယ်ဝန်ကြီးများဖြစ်ြ ကသည့် လမ်းပန်ဆက်သွယ်ရေးဝန်ကြီး
ဒေါက်တာငွန်ဆန်းအောင် နှင့် ပြည်နယ်ဥပဒေချုပ် Pu Kaptial အပါအ၀င်
ဖလမ်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ပရောက်
ဖလမ်းဒေသခံများပါဝင်သည့် လေယာဉ်ကွင်းဖြစ်မြောက်ရေးကော်မီ တီကို ဖွဲ့စည်း ကြပြီးဖြစ်သည်။
“အဲဒီနေရာက အသင့်တော်ဆုံးပါ၊ အစိုးရကနေ စီစဉ်မှုက ကြိုဆိုရပါမယ်၊ အဲဒီအတွက် အားလုံးမှာ တာဝန်ရှိတယ်” ဟု United Zo Indigenous People အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ Pu Rozathang က ခိုနုမ်းထုန်ကို ပြောသည်။
အင်္ဂလိပ်ခေတ်က အရေးပေါ် လေယာဉ်ဆင်းသက်ခဲ့ဘူးပြီဖြစ်သည့် အပြင် မဆလခေတ် ချင်းပြည် နယ်ကောင်စီဥက္ကဌ ပူး ကပ်ကျူံးနုန်ဦးဆောင်သည့် ကာလတုန်းကလည်း လေယာဉ်ကွင်း ဖြစ်မြောက်ရေးလုပ်ေ ဆာင်ခဲ့ဘူးကြောင်း သိရပြန်သည်။
ချင်းပြည်နယ်ရှိ ချင်းပြည်သူများသည် လေကြောင်းခရီးဖြင့် ခရီးသွားလာရာတွင် စစ်ကိုင်းတိုင်း ကလေးမြို့၊ ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်တွေကို အဓိက အားထားအသုံးပြုကြသည်။
http://khonumthungburmese.org/?p=817
အောက်တိုဘာ ၂၆ ရက်နေ့က မြန်မာ့လေကြောင်းမှ ဦးသန့်ဇော်မိုးနှင့်တာဝန်ရှိ ၇ ဦး ချင်းပြည် နယ်သို့ရောက်ရှိပြီး ကွင်းဆင်းလေ့လာကြကြောင်း ကြားသိရသည်။
အရှည် ပေ ၈၀၀၀x အကျယ်ပေ၂၀၀ခန့်ရှိမည့် အဆိုပါ Surbung လေယာဉ်ကွင်းသည် ဖလမ်းမြို့ မှ ၁၀ မိုင်၊ ဟားခါး၊ ထန်တလန်၊ အိန္ဒိယ မြန်မာနယ်စပ် အသီးသီးမှ နှစ်နာရီခရီးရှိမည်ဖြစ်သဖြင့် ချင်းပြည်နယ်အတွက် အသင့်တော်ဆုံး နေရာတွင် တည်ရှိကြောင်း ပြောကြသည်။
ချင်းပြည်နယ်ဝန်ကြီးများဖြစ်ြ
“အဲဒီနေရာက အသင့်တော်ဆုံးပါ၊ အစိုးရကနေ စီစဉ်မှုက ကြိုဆိုရပါမယ်၊ အဲဒီအတွက် အားလုံးမှာ တာဝန်ရှိတယ်” ဟု United Zo Indigenous People အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ Pu Rozathang က ခိုနုမ်းထုန်ကို ပြောသည်။
အင်္ဂလိပ်ခေတ်က အရေးပေါ် လေယာဉ်ဆင်းသက်ခဲ့ဘူးပြီဖြစ်သည့် အပြင် မဆလခေတ် ချင်းပြည် နယ်ကောင်စီဥက္ကဌ ပူး ကပ်ကျူံးနုန်ဦးဆောင်သည့် ကာလတုန်းကလည်း လေယာဉ်ကွင်း ဖြစ်မြောက်ရေးလုပ်ေ
ချင်းပြည်နယ်ရှိ ချင်းပြည်သူများသည် လေကြောင်းခရီးဖြင့် ခရီးသွားလာရာတွင် စစ်ကိုင်းတိုင်း ကလေးမြို့၊ ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်တွေကို အဓိက အားထားအသုံးပြုကြသည်။
http://khonumthungburmese.org/?p=817
0 comments:
Post a Comment