အစၥလာမ္ဘာသာ စော်ကားသော ရုပ်ရှင်ကား ထုတ်လုပ်သူများကို တရားစီရင်ရန် အီဂျစ်တရားရုံးတောင်းဆို

ကိုင်ရို၊ စက်တင်ဘာ ၁၉
ကမ္ဘာအနှံ့ အကြမ်းဖက် ဆန္ဒပြပွဲများ ဖြစ်ပွားအောင် မီးထိုးပေးခဲ့သော အစ္စလာမ် သာသနာကို စော်ကားသည့် ရုပ်ရှင်ကား ဖြစ်မြောက်အောင် စီစဉ်ခဲ့သူ များဖြစ်သည့် အမေရိကန် အခြေစိုက် အီဂျစ် ခရစ်ယာန်များကို တရားစွဲဆို စီရင်ပေးရမည်ဟု အီဂျစ် ဥပဒေရေးရာ ရှေ့နေများက တရားရုံး မှတစ်ဆင့် အမိန့်ထုတ် တောင်းဆိုလိုက်ကြောင်း Telegraph သတင်း တစ်ရပ်က ဖော်ပြ ထားသည်။
ထိုဇာတ်ကားတွင် ပါဝင် ခဲ့သော အီဂျစ်ကော့ပ်စ် ခရစ်ယာန် ခုနစ်ဦးကို လည်း ‘အစ္စလာမ် ဘာသာကို စော်ကား မှု၊ ပရော်ဖက်ကို စော်ကားမှုနှင့် ဘာသာရေး အဓိကရုဏ်း ဖန်တီးမှု’ စသည့် စွဲချက်များ တင်ထား သေးသည်။ 'Innocence of Muslims' ဟု အမည်ရသော အဆိုပါ ဇာတ်ကားကို ထုတ်လုပ်သူများရော၊ ဖြန့်ချိ သူများပါ အဆိုပါ စွပ်စွဲ ပြစ်တင်မှုတွင် အကျုံးဝင် သည်ဟု တရားစွဲဆို စွပ်စွဲထားမှုတွင် ပါဝင်သည်။
ခရစ်ယာန် အစွန်းရောက် အုပ်စု တစ်စုက ထုတ်လုပ်သည်ဟု ယူဆရသော ရုပ်ရှင်ကားကြောင့် နိုင်ငံပေါင်း ၂၀ ခန့်ရှိ အမေရိကန် သံရုံးများနှင့် အမေရိကန် ပိုင်ဆိုင်မှုများကို ဒေါသတကြီး ဆန္ဒပြ မှုများ ဖြစ်ခဲ့သည်။
အရည်အသွေး ကောင်းမွန်မှု မရှိ ဘဲ ရိုက်ကူးထားသော ရုပ်ရှင်သည် အစ္စလာမ် သာသနာကို လှောင်ပြောင် ထားပြီး တမန်တော်ကိုလည်း မကောင်းသည့်ဘက်မှ သရုပ်ဖော်ထားသည်။ ဇာတ်ကားတွင် ပါဝင်သော သရုပ်ဆောင်များက ၎င်းတို့ အညာခံ ခဲ့ရကြောင်း စီစဉ်သူများက ညာပြီး သရုပ်ဆောင်ခိုင်း ကြခြင်း ဖြစ်သည်ဟု ထုတ်ဖော် ပြောဆို ကြသည်။ အမေရိကန် အစိုးရက အစ္စလာမ် နိုင်ငံများရှိ အမေရိကန်များကို သတိပေး ထားပြီး တူနီးရှားနှင့် ဆူဒန်တို့ရှိ ဒေသဆိုင်ရာ အမေရိကန် သံရုံး ဝန်ထမ်းများကို နေရပ်သို့ ပြန်လည် ခေါ်ဆောင်လိုက်ပြီဖြစ်သည်။
ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူ၏ အမည်မှာ Nakoula BasseleyNakoula ဖြစ်ပြီး ၎င်းသည် အီဂျစ် အနွယ်ဝင် ခရစ်ယာန် တစ်ဦးဖြစ်သည်။ ၎င်းင်းကို လော့အိန်ဂျလိစ် ရဲစခန်းက ခေါ်ယူ မေးမြန်းခဲ့ပြီး ၎င်းင်း၏ ဓာတ်ပုံကို ထုတ်ပြန်ခြင်း မပြုလုပ်ခဲ့ပေ။


0 comments:

Post a Comment