Flash Song နည်းပညာ (၁)

ဒီတစ်ခါတော့ Flash Song နည်းပညာလေးတစ်ခုကို ရေးပါမယ်...
Flash Song လုပ်တတ်သူတိုင်း သိပြီးသားနည်းပညာဖြစ်မှာပါ...
မသိသေးသောသူများအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်...
သီချင်းစာသားများ ထည့်သွင်းရာမှာ သီချင်းအ၀င်အထွက်ကို Timeline မှာ Effect များကို Appear into position နဲ့  Disappear from position အသုံးပြုပြီး ထည့်သွင်းရတာကို အားလုံးသိပြီး ဖြစ်ပါတယ်...
Insert >>> Import Image ထည့်ရမှာလည်း ထည့်တဲ့ပုံတွေကို Effect များသုံးပြီး ထည့်လို့ ရပါတယ်...
လွမ်းရဲ့ လက်ရာ အဝေးရောက်ချစ်သူ Flash Song မှာ စုံတွဲ Image ပုံနဲ့  Animation ပုံတို့ ကို သီချင်းပေါ်မူတည်ပြီး အ၀င်အထွက် ပြုလုပ်ထားတာကို တွေ့ မြင်ရမှာပါ...


ပြုလုပ်ပုံကတော့ ပထမ မိမိထည့်မဲ့ပုံအတွက် သီချင်းအ၀င်အထွက် Timeline နေရာကို အရင်မှတ်သားရပါတယ်...
မိမိထည့်မဲ့ပုံကို Select ပြုလုပ်ထားပြီး ထည့်မဲ့ Timeline နေရာမှာ Insert>>>Effect>>>Place လုပ်လိုက်တာပါ...
ဒီအခါ Place Frame နဲ့  Timeline Location ကို မြင်တွေ့ ရမှာပါ...
ပြီးရင် ပုံကို ဖျောက်မဲ့ Timeline နေရာမှာ Insert>>>Effect>>>Remove လုပ်ပေးလိုက်တာပါ...
ဒီအခါ Remove Frame နဲ့  Timeline Location ကို မြင်တွေ့ ရမှာပါ...ပုံအ၀င်အထွက် Smooth ဖြစ်အောင် Fade In, Fade Out Effect သုံးထားပါတယ်...
ဒီလောက်ဆိုရင် ပုံတွေ ဘယ်လိုထည့်တယ်ဆိုတာ သိမယ်လို့  ထင်ပါတယ်...
Flash Song များလုပ်ရင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ...



လွမ်းဧကရီ
၂၇-၀၃-၂၀၁၂
ညနေ ၆း၁၅ နာရီ

http://www.mm-flashsongs.com/profiles/blogs/flash-song-7#axzz27P0eJOE0

0 comments:

Post a Comment