သစ်တော်သီးဟာ
ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့် တင်းပေးခြင်း၊ မရှိမဖြစ် အရေးကြီးသော ကိုယ်
တွင်း အရည်များ ထုတ်လုပ်မှုကို မြှင့်တင် ပေးခြင်း၊ ခန္ဓာကိုယ် စနစ်
တစ်ခုလုံးကို အေးမြ စေခြင်း စသည့် အာနိသင်များ ရှိပါတယ်။ Fritillaria
ဆိုတဲ့ အပင် တစ်မျိုးရဲ့ အစေ့ အဆန် လေးတွေ ကတော့ အဆုတ်ကို သန့်ရှင်းစေပြီး
သစ်တော်သီးက အဆုတ်ကို သန်စွမ်း အား ကောင်းစေ ပါတယ်။ ဒါကြောင့် Fritillaria
နဲ့ သစ်တော်သီး ပါဝင်တဲ့ စားစရာလေးဟာ အဆုတ် မကောင်းခြင်း၊ ရင်ကျပ်ခြင်း၊
အသက်ရှူ လမ်းကြောင်း ခြောက်သွေ့ခြင်း၊ ရင်ပူခြင်းတို့ အတွက် အကောင်းဆုံး
ဆေး တစ်မျိုး ဖြစ်ပါတယ်။ Fritillaria ဆိုတာကတော့ လီလီပန်း မျိုးနွယ်စုဝင်
အပင်တစ်မျိုး ဖြစ်ပြီး မြွေဦးခေါင်း အမောက် ထောင်နေတဲ့ ပုံစံမျိုး
ပန်းပွင့်လို့ snake- head Flower လို့ခေါ်ပြီး Chess- Flower လို့လည်း
ခေါ်ပါတယ်။
ပါဝင်ပစ္စည်းများ
ပန်းသစ်တော်သီး အသေး အစိမ်းရောင် - ၈လုံးကို အခွံမခွာဘဲ ထက်ခြမ်းခြမ်းထားပါ။
Fritillaria အစေ့အဆန် - ကော်ဖီဇွန်း ၂ ဇွန်း သကြား သို့မဟုတ် ပျားရည် - ကော်ဖီဇွန်း ၁ ဇွန်း
ရေ - ၂၅၀ml (ဖန်ခွက် ၁ ခွက်)
ပြုလုပ်ပုံ
အပူခံနိုင်သော ပန်းကန် တစ်ခုထဲမှာ သစ်တော်သီးခြမ်း များကို စီပြီး ထည့်ပါ။ သကြား သို့မဟုတ် ပျားရည်နှင့် ရေကို ထည့်ပါ။ ထိုပန်းကန်ကို ပေါင်းအိုးထဲမှာ ထည့်ပြီး ရေနွေးငွေ့ဖြင့် တစ်နာရီခန့် ပေါင်းပါ။ ပေါင်းအိုးထဲမှ ထုတ်ယူပြီး ပူပူနွေးနွေး စားသုံးပါ။
မှတ်ချက်
သစ်ကြံပိုးခေါက် ၁ ခုနှင့် လေးညှင်းပွင့် ၈ ခုကို ထည့်သွင်းပါက အနံ့၊ အရသာ ပိုမို ကောင်းမွန်လာပြီး နွေးထွေးစေတဲ့ အာနိသင်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရသာပိုရှိစေရန် ရေထဲသို့ ဘရန်ဒီ သို့မဟုတ် ရမ် အရက် ဟင်းစားဇွန်း ၁ ဇွန်း ဖြည့်စွက်နိုင် ပါတယ်။
ပမာဏ
၎-၆ ဦးစာ
ပြင်ဆင်ချိန်
၅ မိနစ်ချက်ပြုတ်ချိန် - ၁ နာရီ

http://203.81.162.176/health_&_beauty/hb_dietfood/view.php?id=6&page=32
0 comments:
Post a Comment