ခမ်းခမ်းနားနားကျင်းပခဲ့သည့် လန်ဒန်မြို့က လေဖြတ်ထားသူများ၏ ၀ှီးချဲပြိုင်ပွဲ


 
 သြဂုတ်လ ၂၈ရက်နေ့ညက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် လေဖြတ်ထားသူများ၏ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အလွန်စည်ကားစွာ ကျင်းပခဲ့သည် ဟုသိရသည်။ ထိုဖွင့်ပွဲအခမ်းအနားကို ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာတို့က စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။ ထိုအခမ်းအနားသည် လွန်စွာစည်ကားသည့်အတွက် လန်ဒန်မြို့ရှိ လမ်းများတွင် ပိတ်ဆို့မှုများဖြစ်ခဲ့သည် ဟုသိရသည်။ ထိုအခမ်းအနားကို ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ဖြစ်ခဲ့သော ရှိတ်စပီးယားပြဇာတ်ဖြင့် ဖွင့်လှစ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ အဲလိစဘက်ဘုရင်မကြီးနှင့်အတူ ကိန်းဘရစ်ခ်ျမြို့၏ မြို့တော်ဝန်နှင့်ဇနီးတို့လည်း တက်ရောက်ခဲ့ကြသည်။နာမည်ကျော်မင်းသားကြီးဖြစ်သော ဆာအိုင်ရမ်မက်ကယ်လန်နှင့် အဆိုတော်များဖြစ်သည့် ဒီနိုက်လင်းနှင့် ဘီဘာလေနိုက်တို့လည်း တက်ရောက်ခဲ့သည် ဟုသိရသည်။

0 comments:

Post a Comment