ထင်ပေါ်ကျော်ကြားသူများ၏
ဇာတ်လမ်းများကိုအဓိကဖော်ပြသည့် အမေရိကန်နိုင်ငံထုတ် People မဂ္ဂဇင်းက ၂၀၁၂
ခုနှစ်၏ အလှဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံရသူ အဆိုတော်ဘီယွန်းဆေးသည်
စက်တင်ဘာ ၄ ရက်နေ့က အသက် ၃၁ နှစ် ပြည်သွားပြီဟုသိရသည်။ ဘီယွန်းဆေး၏
မိသားစုဝင်များက ထိုနေ့တွင် သူမထံသို့ လက်ရေးဖြင့်ရေးသားထားသော
မွေးနေ့ဆုမွန်ကောင်း သ၀ဏ်လွှာများကိုပေးပို့ခဲ့သည်ဟုသိရသည်။ သူမသည် ယခုအခါ
သူမ၏ခင်ပွန်းဖြစ်သူ ဂျေဇီနှင့်
ချစ်လှစွာသောသမီးလေးဘလူးအိုင်ပီကာတာတို့နှင့်
ပျော်ရွှင်စွာနေထိုင်လျက်ရှိကြောင်းသိရသည်။ People မဂ္ဂဇင်းက သူမအား ၂၀၁၂ ခု ၏
အလှဆုံးအမျိုးသမီးအဖြစ် ဧပြီလက သတ်မှတ်လိုက်စဉ်က သူမသည်
သမီးလေးကိုမွေးဖွားပြီးနောက် အရင်ကထက်ပိုလှလာသည်ဟု ခံစားပြီး
ရကြောင်းပြောပြီး ကမ္ဘာပေါ်တွင်နေထိုင်ရသည်မှာ အရင်ကထက်ပို၍
အဓိပ္ပာယ်ပိုရှိလာသည်ဟုပြောကြားခဲ့ဖူးသည်။ ယခုအခါ သူမက နံပါတ်(၄) သည်
သူမဘ၀အတွက် အလွန်အဓိပ္ပာယ်ရှိကြောင်းနှင့် သူမကို စက်တင်ဘာ ၄ ရက်နေ့
တွင်မွေးပြီး ဧပြီ ၄ရက်နေ့တွင် အိမ်ထောင်ကျခဲ့သည်ဟု သူမ၏ မွေးနေ့တွင်
ပြောကြားလိုက်သည်။
0 comments:
Post a Comment