နင့်ရဲ့....
အငွေ့ပျံလွယ်တဲ့ အရှိန်အ၀ါတွေနဲ့
ငါ့ကို
ဘယ်လောက်ပဲ မျက်ရည်ကျအောင်လုပ်စမ်းပါစေ...
နင့်ကို....
လွှမ်းခြုံထားတဲ့ အလွှာတွေနဲ့
နင့်ဘဝ
ဘယ်လောက်ပဲ လုံခြုံနေပါစေ...
နင်အားကိုးတဲ့ အရှိန်အ၀ါတွေနဲ့
နင်အားကိုးတဲ့ အလွှာတွေနဲ့
ဘ၀င်မြင့်နေတဲ့ နင့်ဘ၀လည်း
အိမ်ရှင်မတွေရဲ့ လက်ထဲအရောက်
အလွှာတွေလည်းပျောက်လို့
လုံးပါး ပါးသွားခဲ့ရပြီပဲမဟုတ်လား
ကြက်သွန်နီလေးရယ်...။
မှတ်ချက်။
။ ဟင်းချက်မလို့ ကြက်သွန်ခွာနေရင်း မျက်ရည်ကျ... စိတ်ကတိုလာ...
ကံဆိုးစွာပဲ တရာခံက ကြက်သွန်ဖြစ်ရောပေါ့။ ဒါနဲ့ ငါ့ကို
မျက်ရည်ကျအောင်လုပ်တဲ့ အဲ့ကြက်သွန်ကို ဖွတ်ဖွတ်ညက်ညက်
ကြေအောင်ကျိတ်ပြစ်ပြီး ဟင်းအိုးထဲထဲ့ချက်လိုက်တာ အစတောင်ရှာလို့
မတွေ့တော့တဲ့အဖြစ် ... မှတ်ထား။
*( ဘာရယ်မဟုတ် ဟာသလေးပါ... သူငယ်ချင်းတို့လည်း ဒီကဗျာလေးဖတ်နေချိန်မှာ နည်းနည်းလေးတော့ တွေးပြီး ပြုံးမိမယ်ထင်တယ်...ဟုတ်)*http://laypyaycho.blogspot.com/2012/09/blog-post_12.html
0 comments:
Post a Comment